menu
ရွက်ဖျန်းအားဆေးများ   > ဆိုလူဖိဒ် (စပါယ်ရှယ်-ကေ)

ဆိုလူဖိဒ် (စပါယ်ရှယ်-ကေ)

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ N 12% : P 13% : K 34% + TE (Mg-330, Zn-1859, Fe-400, Mn-400, Mo-10, Cu-150, B-50, S-1197) (ppm)
ဆေးမှတ်ပုံတင်အမှတ် ထလ/ ၄၆၅, ထလ/ ၄၆၆
အာနိသင်ဖော်ပြချက် သီးနှံမျိုးစုံ၏ အရည်အသွေး၊ အရောင်အဆင်း၊ အနံ့အရသာ တိုးတက်ကောင်းမွန်စေ၍ ပိုးမွှားရောဂါနှင့် ရာသီဥတုဆိုးရွားသည့် ဒဏ်ကိုခံနိုင်ရည်ရှိစေသည်။ ပန်းပွင့်များကိုအရောင်အသွေးလှပတောက်ပြောင်စေသည်။ သစ်သီးဝလံများအားအရသာပိုရှိစေသည်။ မြေကြီးထဲရှိအခြားအာဟာရဓာတ်များကို အပင်တွင်းသို့စုပ်ယူ၍ အပင်မှစားသုံးနိုင်အောင် အဓိကလုပ်ဆောင်ပေးသည်။
အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း သဲဆန်သောမြေများ၊ သဲနှုန်းမြေများတွင်ပိုတက်ဆီယမ်ဓာတ်ချို့တဲ့သဖြင့် မဖြစ်မနေသုံးစွဲသင့်ပါသည်။ စိမ့်ကိုင်သော (အောက်ရေနီးသော)မြေများတွင်သုံးစွဲလျှင်မြေဆီလွှာကိုပိုမိုကောင်းမွန်စေသည်။ မိုးခေါင်သည့်အချိန်တွင်ပက်ဖျန်းပေးခြင်းဖြင့် ရေငတ်ဒဏ်ခံနိုင်ရည်ရှိစေသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅၀)ဂရမ် (သို့မဟုတ်) ၄င်းထက်ပို၍အသုံးပြုနိုင်ပါသည်။