menu
ပေါင်းသတ်ဆေးများ   > အောရိုက် ၇၀ ဒဗလျူပီ

အောရိုက် ၇၀ ဒဗလျူပီ

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Fenoxaprop-P-ethyl 13%+Quinclorac 50%+PSE 7%
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2018-1695
အာနိသင်ဖော်ပြချက် ဆေး(၃)မျိုးပေါင်းစပ်ထားသည့်ထိသေနှင့်ပင်လုံးပြန့်အာနိသင်ရှိ အဆင့်မြင့်စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ မြက်သီးအပါအဝင်မြက်အုပ်စု၊ရွက်ပြန့်ပေါင်းအုပ်စုနှင့်မုန်ညင်းအုပ်စုများကိုသုတ်သင်နိုင်သည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း အောရိုက် ပေါင်းသတ်ဆေးကို စပါးပင်သက်တမ်း(၁၅-၃၅)ရက်အတွင်း အသုံးပြုနိုင်ပါသည်။
မြက်သီး၊ မြက်ချို၊ ဝမ်းဘဲစာ၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ မြက်ကြိန်၊ မြက်မုန်ညင်းစိမ်း၊ မှိုနတို၊ပေါင်းလေးညင်း၊ ကြိတ်မှန်၊ ပုဇွန်စာ၊ ကတောက်ဆတ်၊ ရေကညွတ်၊ လယ်ပဒူ နှင့် ရွက်ပြန့်ပေါင်းအမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် .....
စပါးပင်သက်တမ်း (၁၅-၂၀)ရက်သားတွင် (၂၀-၃၀)ဂရမ်။
စပါးပင်သက်တမ်း (၂၅-၃၅)ရက်သားတွင် (၃၀-၄၀)ဂရမ်နှုန်း ဖြစ်ပါသည်။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (-)