Category | ပေါင်းသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Propanil 20 % + Thiobencarb 40 % |
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် | P2022-5813 |
အာနိသင်ဖော်ပြချက် | ဆေးနှစ်မျိုးပေါင်းစပ်ပါဝင်ပြီး မြက်၊ မြက်မုန်ညင်း နှင့် ရွက်ပြန့်ပေါင်းအုပ်စုများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ အသုံးပြုနည်း - ရွက်ဖျန်း |
အသုံးပြုရန်အညွှန်း | စပါးတိုက်ရိုက်အစေ့ချပြီး (၁၀-၁၅)ရက် (သို့) ပြောင်းရွှေ့စိုက်ပြီး (၇-၁၀)ရက်၊ ပေါင်းပင်အရွက် (၂-၄)ရွက် ထွက်ချိန်တွင် ပက်ဖျန်းပေးရမည်။ လက်သဲခွမြက်၊ ဝမ်းဘဲစာမြက်၊ ဘဲစာမြက်၊ မြက်သီး၊ မြက်ချို၊ မြက်ကြိမ်၊ မြက်ခါး၊ ခွေးမြီးပုပ်၊ ဟင်းနုနွယ် စသည်တို့နှင့် ရွက်ပြန့်ပေါင်းများ၊ မြက်မုန်ညင်းအစိမ်း၊ မြက်မုန်ညင်းအဝါ၊ မြက်မုန်ညင်းဥနက် တို့အပါအဝင် မြက်မုန်ညင်းပေါင်းများကို နှိမ်နင်းနိုင်သည်။ |
ဆေးနှုန်းထား | ရေ(၂၀)လီတာ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၅၀-၂၀၀)စီစီ နှုန်းဖြင့် တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၆)ပုံး အသုံးပြုပါ။ |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၄) |