menu
ပေါင်းသတ်ဆေးများ   > ပီကာ ၂၅၀ အက်စ်အယ်

ပီကာ ၂၅၀ အက်စ်အယ်

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Fomesafen 25% W/V
ဆေးမှတ်ပုံတင်အမှတ် F2020-2946
အာနိသင်ဖော်ပြချက် ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲပုပ်ခင်းများတွင်ပေါက်သော ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်သည့်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ ထိသေအာနိသင်ရှိပြီး ရွက်ပြန့်ပေါင်းများကိုလျှင်မြန်စွာသေစေသည်။

အသုံးပြုနည်း- ရွက်ဖျန်း
အသုံးပြုရန်အညွှန်း ပေါင်းပင်ပေါက်ပြီး (၂-၃)ရွက်ထွက်ချိန် စိုက်ပြီး(၇-၁၄)ရက်တွင်ဖျန်းပါ။ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲပုပ်သုံးမျိုးမှလွဲ၍ အခြားပဲများ၊ အခြားသီးနှံများတွင်အသုံးမပြုရပါ။ ပီကာဖျန်းပြီးနောက်သီးနှံစိုက်ရန်စောင့်ဆိုင်းကာလမှာ ဂျုံ(၄)လ၊ ပြောင်း၊မြေပဲ၊စတော်ပဲ၊ စပါး(၁၀)လ၊ နေကြာ၊နှံစားပြောင်း(၁၈)လ ဖြစ်ပါသည်။ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲပုပ်စိုက်ခင်းများတွင် ပေါင်းအားလုံးကိုနှိမ်နင်းရန် "ပီဇာ"နှင့်ရောစပ်အသုံးပြုနိုင်သည်။
ဆေးနှုန်းထား တစ်ဧကလျှင် (၂၅၀-၄၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅၀-၈၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (5)