Category | ရောဂါကာကွယ်ကုသဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Mancozeb 80% |
ဆေးမှတ်ပုံတင်အမှတ် | FF2024-627 |
အာနိသင်ဖော်ပြချက် | လယ်ယာသီးနှံ၊ သစ်သီးခြံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမာလ်များတွင် ကျရောက်ဖျက်ဆီးသော မှိုရောဂါအမျိုးမျိုးကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်သည့် ထိသေအာနိသင်ရှိရေဖျော်မှိုသတ်ဆေးမှုန့်ဖြစ်သည်။ အဓိကနိမ်နင်းနိုင်သော ရောဂါ - အာလူး၊ခရမ်းချဉ်တွင်် ကျရောက်သော စောပင်နာကျ၊ နှောင်းပင်နာကျ၊ သီးနှံမျိုးစုံတွင်ကျရောက်သော မှဲ့ပြောက်စွန်း၊သီးမှည့်ပုပ်၊ ပင်စည်ပုပ်၊ ပင်စည်ခြောက်၊ ကိုင်းဖျားခြောက်၊ ခါးရိ၊ ပင်ညှိုး၊အနက်ပုပ်၊ မှဲ့ပြောက်စွန်း၊ အဖူးခြောက်၊ ပွင့်ခြောက်၊ ရွက်ခြောက်၊ ဂုတ်ကျိုး၊ ရိုးမဲ၊ သံချေး၊ အကြေးဖတ်ရောဂါများ။ အသုံးပြုနည်း - ရွက်ဖျန်း ၊ မျိုးစေ့လူးနယ်ခြင်း နှင့် မြေပြင်ပေါ်ပက်ဖျန်းခြင်း။ |
အသုံးပြုရန်အညွှန်း | Alkylenebis (Dithiocarbamate) အုပ်စုတွင်ပါဝင်သည်။ Zincနှင့် Manganese ပါဝင်သဖြင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည် ရှိစေသည်။ မြေအောင်းရောဂါမှိုများကို ကြိုတင်ကာကွယ်ရန် မစိုက်မီ မျိုးစေ့ဖြင့်လူးနယ်စိုက်ပျိုးနိုင်သည်။ အပင်ပေါက်နှုန်းကောင်း၍ အပင်ကြီးထွားသန်မာစေသည်။ ရေတွင်ပျော်ဝင်နှုန်းအလွန်ကောင်း၍ ချက်ချင်းအနည်မထိုင်ဘဲဖျန်းထားသည့်သီးနှံပင်အစိတ်အပိုင်းပေါ်၌ ပြန့်နှံ့ဖုံးအုပ်နိုင်စွမ်းအားကောင်းသဖြင့်ရောဂါများကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်သည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံး (၄၅-၁၃၀)ဂရမ်နှုန်း။ တစ်ဧကလျှင် (၄၅၀-၁၃၀၀)ဂရမ်နှုန်း။ တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၁၀)ပုံး အသုံးပြုပါ။ |
PHI | ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-(၁၄-၃၀)ရက် |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၅) |