menu
ရောဂါကာကွယ်ကုသဆေးများ   > ဆိုင်မို-ဇက် ၇၂ ဒဗလျူပီ

ဆိုင်မို-ဇက် ၇၂ ဒဗလျူပီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Cymoxanil 8% W/W + Mancozeb 64% W/W
ဆေးမှတ်ပုံတင်အမှတ် F2015-1441
အာနိသင်ဖော်ပြချက် မှိုသတ်ဆေးနှစ်မျိုးကို ပေါင်းစပ်ထား၍ သီးနှံရောဂါအမျိုးမျိုးကို ကာကွယ်ကုသ
နိုင်သော မှိုရောဂါသတ်ဆေးဖြစ်သည်။
အဓိကနိမ်နင်းနိုင်သော ရောဂါ -
အာလူး၊ ခရမ်းချဉ် နှောင်းပင်နာကျ၊ စပါး၊ ဂျုံ၊ ပြောင်း ရွက်ညိုပြောက်၊ ရွက်ခြောက်၊ သံချေး၊ဖရဲ၊ ကြက်သွန်၊ စပျစ် ဒေါင်းနီးရွက်ခြောက်၊ မှဲ့ပြောက်စွန်း ရောဂါ၊ ကွမ်းရွက် ဒင်္ဂါးကွက်၊ ငရုတ်၊ ခရမ်းချဉ် ကိုင်းဖျားခြောက် နှင့် လိမ္မော် အခေါက်ပုပ်။
အသုံးပြုနည်း - ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း ထိသေနှင့်ထိုးဖောက်စိမ့်ဝင် အာနိသင်ရှိသော မှိုသတ်ဆေးဖြစ်သည်။
Cymoxanilသည် ရောဂါကာကွယ်ကုသရာတွင် အစွမ်းထက်ပြီး Mancozebသည် ဆေးအာနိသင်တာရှည်ခံအောင် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မှိုရောဂါအမျိုးမျိုး၏မှိုစပိုးမျိုးစေ့ပေါက်ပွားမှုကိုတားဆီးပြီး ကာကွယ်မှုရော ကုသမှုပါ ဆောင်ရွက်ပေးနိုင်စွမ်းရှိသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး (၁၀၀-၂၀၀)ဂရမ်နှုန်း။
တစ်ဧကလျှင် (၅၀၀-၁၀၀၀)ဂရမ်နှုန်း။
တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-အာလူး၊ခရမ်းချဉ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊လိမ္မော်-(၁၄)ရက်၊စပါး၊ဂျုံ၊ပြောင်း၊ ပဲမျိုးစုံ-(၁၅)ရက်၊စပျစ်၊ဖရဲ၊သခွားမွှေး၊ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ-(၂၈)ရက်၊ကွမ်းရွက်၊ငရုတ်၊ခရမ်း-(၂၁)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)