menu

ထီး ၇၀ ဒဗလျူပီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Hymexazol 70%
ဆေးမှတ်ပုံတင်အမှတ် P2018-2415
အာနိသင်ဖော်ပြချက် ဖျူစေရီယမ်ပင်ညှိုးနှင့်မြေဆောင်မှိုရောဂါအမျိုးမျိုးကိုကာကွယ်နှိမ်နင်းနိုင်သည့်ပင်လုံးပြန့်အာနိသင်ရှိမှိုသတ်ဆေးဖြစ်သည်။
အဓိကနိမ်နင်းနိုင်သော ရောဂါ -ခါးရိ(ဖျူစေရီယမ်၊ပစ်သီယမ်ပင်ညှိုးရောဂါ၊ရိုင်ဇိုတိုးနီးယားရောဂါ)၊ရွက်ခြောက်ရောဂါ၊ဘာကာနေးရောဂါ
အသုံးပြုနည်း-ရွက်ဖျန်းနှင့်မျိုးစေ့လူးနယ်ခြင်း။
အသုံးပြုရန်အညွှန်း ကုလားပဲနှင့်ပဲအမျိုးမျိုးတွင် ကျရောက်ဖျက်ဆီးသော ဖျူစေရီယမ်ပင်ညှိုးရောဂါကို ကာကွယ်ရန် အထူးထုတ်လုပ်ထားသည့် ပင်လုံးပြန့် အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။
ကြက်သွန် နှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက်ဖျက်ဆီးတတ်သောပစ်သီယမ်ပင်ငယ်သေရောဂါနှင့် ခါးရိရောဂါများ အပါအဝင်မြေဆောင်မှိုရောဂါများကို ကာကွယ်ကုသနိုင်သည်။
ကွမ်းပင်တွင်ကျရောက်ဖျက်ဆီးတတ်သော အမြစ်ပုပ်နှင့်ပင်ရင်းပုပ်ရောဂါများကို ထိရောက်စွာ ကာကွယ်ကုသနိုင်သည်။
မျိုးစေ့လူးနယ်ဆေးအဖြစ်လည်းကောင်း၊ မြေပေါ်ဖျန်းခြင်းဖြင့်လည်းကောင်းအသုံးပြုနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး(၁၀၀-၁၆၀)ဂရမ်နှုန်း။တစ်ဧကလျှင် (၅၀၀-၈၀၀)ဂရမ်နှုန်း။တစ်ဧကလျှင်ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံး(၅-၈)ပုံးအသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-(၁၄-၂၁)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)