menu
ရောဂါကာကွယ်ကုသဆေးများ   > မက်တယ်လဇီး ၂၅ ဒဗလျူပီ

မက်တယ်လဇီး ၂၅ ဒဗလျူပီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Metalaxyl 25% W/W
ဆေးမှတ်ပုံတင်အမှတ် F2015-1292
အာနိသင်ဖော်ပြချက် ကာကွယ်နှိမ်နင်းရန် ခက်ခဲသောမှိုရောဂါများကို ကာကွယ်ခြင်း၊ ကုသခြင်းနှင့်
အမြစ်ပြတ်သုတ်သင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိ မှိုသတ်ဆေးမှုန့်။
အဓိကနိမ်နင်းနိုင်သော ရောဂါ -
အာလူး၊ခရမ်းချဉ်တွင်ကျရောက်သော လောင်မဲရောဂါ၊သီးနှံမျိုးစုံတွင်ကျရောက်သော ဖားဥမှိုရောဂါ၊ ခါးရိရောဂါ၊ ပင်စည်ပုပ်၊ အမြစ်ပုပ်၊ အသီးပုပ်ရောဂါများ၊ မြေတွင်းအောင်းမှိုများ၊ မျိုးစေ့တွင်တွယ်ကပ်နေသော မှိုရောဂါများ။
အသုံးပြုနည်း - ရွက်ဖျန်း နှင့် မျိုးစေ့လူးနယ်ခြင်း
အသုံးပြုရန်အညွှန်း ပင်လုံးပြန့်မှိုရောဂါသတ် ရေဖျော်ဆေးမှုန့်ဖြစ်သည်။
(acylalanine)အုပ်စုတွင်ပါဝင်သည်။
အခြားမှိုသတ်ဆေးများနှင့်ရောစပ်ပက်ဖျန်းပေးပါက အစွမ်းအာနိသင်ပြင်းအား ပိုမိုမြင့်မားစေသည်။
မျိုးစေ့ကိုလူးနယ်စိုက်ပျိုးခြင်းဖြင့် မြေတွင်းအောင်းမှိုရောဂါများကို ကာကွယ်နှိမ်နင်းနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး (၅၀-၁၂၀)ဂရမ်နှုန်း။
တစ်ဧကလျှင် (၂၅၀-၆၀၀)ဂရမ်နှုန်း။
တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-(၁၅)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)