Category | ရောဂါကာကွယ်ကုသဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Dimethomorph 50 % |
ဆေးမှတ်ပုံတင်အမှတ် | F2015-1293 |
အာနိသင်ဖော်ပြချက် | ကာကွယ်နှိမ်နင်းရန် ခက်ခဲသောမှိုရောဂါများကို အမြစ်ပြတ်သုတ်သင်နိုင်သည့် ပင်လုံးပြန့် အာနိသင်ရှိ မှိုသတ်ဆေးမှုန့်။ အဓိကနိမ်နင်းနိုင်သော ရောဂါ - - ဖရဲ၊ သခွားမွှေး၊ စပျစ်၊ ကြက်သွန်ဒေါင်းနီးရွက်ခြောက်၊ ခရမ်းချဉ်၊ အာလူးလောင်မဲရောဂါ၊ ဆေးရွက်ကြီးပင်ခြေမဲ၊ ကွမ်းဒေါင်းမြီးကွက် ရွက်ပုပ်ရောဂါများကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။ အသုံးပြုနည်း - ရွက်ဖျန်း။ |
အသုံးပြုရန်အညွှန်း | Morpholine အုပ်စုတွင်ပါဝင်သည်။ ဆေးယဉ်ပါးလာခြင်းကြောင်း ကာကွယ်နှိမ်နင်းရန်ခက်ခဲသော လောင်မဲရောဂါအပါအဝင် မှိုရောဂါများကို အမြစ်ပြတ် သုတ်သင်နှိမ်နင်းနိုင်သည်။ အရွက်၏အပေါ်နှင့်အောက်လွှာ(၂)ခုကြားရှိ(Tissue & Cells)လွှာအတွင်းသို့ထိုးဖောက်စိမ့်ဝင်အာနိသင်(Translaminar action) ရှိသည်။ ပင်ရည်အတွင်းကြာရှည်စွာတည်ရှိနေသဖြင့် ရောဂါကာကွယ်သုတ်သင်နိုင်စွမ်းအားကောင်းသည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံး (၃၅-၅၀)ဂရမ်နှုန်း။ တစ်ဧကလျှင် (၁၈၀-၂၅၀)ဂရမ်နှုန်း။ တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။ |
PHI | ဆေးဖျန်းပြီးနောက်ရိတ်သိမ်း/ခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက် - ဂန္ဓမာ (၇)ရက်၊ အားလူး၊ ခရမ်းချဉ်၊ ကြက်သွန်နီ/ဖြူ၊ မုန်ညင်း၊ မုန်လာ၊ ဖရဲ၊ သခွား၊ သခွားမေွှး (၂၁)ရက်၊ စပျစ် (၂၈)၊ ကွမ်းရွက် (၃၀)။ |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၅) |