menu
ရောဂါကာကွယ်ကုသဆေးများ   > နိုက်စ် ၅၂၅ အက်စ်အီး

နိုက်စ် ၅၂၅ အက်စ်အီး

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Propiconazole 12.5% + Tricyclazole 40%
ဆေးမှတ်ပုံတင်အမှတ် P2018-2417
အာနိသင်ဖော်ပြချက် စပါးဂုတ်ကျိုးနှင့်မှိုရောဂါအမျိုးမျိုးကို ကာကွယ်ကုသနိုင်သော မှိုသတ်ဆေးရည်ဖြစ်သည်။
အဓိကနှိမ်နင်းနိုင်သောရောဂါ- စပါးဂုတ်ကျိုးရောဂါ၊ရွက်ညိုပြောက်၊ ရွက်ဖုံးခြောက်၊စပါးမှိုုသီးရောဂါ။
အသုံးပြုနည်း-ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း ပင်လုံးပြန့်အာနိသင်ရှိ မှိုသတ်ဆေး(၂)မျိုးကို စနစ်တကျပေါင်းစပ်ထားသည့် အဆင့်မြင့်မှိုရောဂါကာကွယ်ကုသဆေးဖြစ်သည်။
စပါးပင်၏ဆဲလ်နံရံများကို မှိုရောဂါများက ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်အောင်တားဆီးနိုင်သည်။
စပါးတွင်ကျရောက်သောစပါးဂုတ်ကျိုးရောဂါအမျိုးမျိုးကိုထိရောက်စွာ ကာကွယ်တားဆီးခြင်းနှင့်ကုသခြင်းများကိုလုပ်ဆောင်ပေးနိုင်သည်။
အရွက်၊ရွက်ရင်းစွယ်နှင့်ပင်စည်အဆစ်တွင်ကျရောက်သောဂုတ်ကျိုးရောဂါကို ရောဂါလက္ခဏာစတွေ့လျှင်တွေ့ချင်း နိုက်စ်ကိုဖျန်းပါ။
လည်ဆစ်ဂုတ်ကျိုးရောဂါနှင့်စပါးစေ့တွင်ကျရောက်သောဂုတ်ကျိုးရောဂါများကိုကာကွယ်ရန် စပါးပင်ဖုံးလုံးချိန် အနှံမထွက်မီကာလတွင်နိုက်စ်ကို(၁၄)ရက်တစ်ကြိမ်ပက်ဖျန်းပါ။
Propiconazoleပါဝင်သဖြင့် စပါးတွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်ဖုံးပုပ်ရောဂါ၊ ရွက်ဖုံးခြောက်ရောဂါနှင့် မှိုသီးရောဂါများကိုလည်းကာကွယ်ကုသနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး(၃၂-၆၄)စီစီနှုန်း။တစ်ဧကလျှင်(၁၆၀-၃၂၀)စီစီနှုန်း။တစ်ဧကလျှင်ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံး(၅-၈)ပုံးအသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-(၂၁)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၄)