menu
ရောဂါကာကွယ်ကုသဆေးများ   > ဆိုင်မောက် ၂၅၀ ဒဗလျူပီ

ဆိုင်မောက် ၂၅၀ ဒဗလျူပီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Cymoxanil 25%
ဆေးမှတ်ပုံတင်အမှတ် F2018-1830
အာနိသင်ဖော်ပြချက် သီးနှံအမျိုးမျိုးတွင်ဆိုးရွားစွာကျရောက်ဖျက်ဆီးသောလောက်မဲရောဂါနှင့်ဒေါင်းနီးရွက်ခြောက်ရောဂါများကိုကာကွယ်နှိမ်နင်းနိုင်သော အစွမ်းထက်မှိုသတ်ဆေးမှုန့်
အဓိကနိမ်နင်းနိုင်သော ရောဂါ
- စပျစ်၊ ဖရဲ၊ သခွားတွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊
- အာလူး၊ ခရမ်းချဉ်လောင်မဲရောဂါများ၊
- ကွမ်းရွက်ဒင်္ဂါးကွက်ရောဂါများ
အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း ထိသေနှင့်ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိပြီး သီးနှံမှိုရောဂါများအတွက်ကာကွယ်ခြင်းနှင့်ကုသခြင်းတို့ကိုဆောင်ရွက်ပေးသည်။
Mancozeb မှိုသတ်ဆေးနှင့်ရောစပ်ပက်ဖျန်းခြင်းဖြင့်ဆေးအာနိသင်ကြာရှည်ခံပြီးမှိုရောဂါကျရောက်မှုကို ကာကွယ်တားဆီးထားနိုင်သည်။
Azoxystrobinအပါအဝင်အခြားသောမှိုသတ်ဆေးများနှင့်ရောစပ်ပက်ဖျန်းခြင်းဖြင့် မှိုရောဂါအမျိုးမျိုးကို ကာကွယ်ကုသနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး (၄၅-၇၀)ဂရမ်နှုန်း။
တစ်ဧကလျှင် (၂၂၀-၃၅၀)ဂရမ်နှုန်း။
တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-အာလူး၊ခရမ်းချဉ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊လိမ္မော်၊ရှောက်၊သံပုရာ၊ဒူးရင်း၊ရာဘာ၊ငရုတ်ကောင်း၊ကွမ်းရွက်-(၂၁)ရက်၊စပျစ်၊ဖရဲ၊သခွားမွှေး၊ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ-(၂၈)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)