menu

ဒီ-မင်း

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း 2,4-D dimethylamine 72% W/V Aqueous solution + 2,4-D equivalent 60% W/V
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2020-1295
အာနိသင်ဖော်ပြချက် ပင်လုံးပြန့်အာနိသင်ရှိရွေးချယ်ပေါင်းသတ်ဆေးဖြစ်သဖြင့် စပါးတိုက်ရိုက်အစေ့ချနှင့် ပျိုးထောင်စိုက်ခင်းများတွင် ပေါက်သော ရွက်ပြန့်ပေါင်းနှင့် မြက်မုန်ညင်းမျိုးများကို ထိရောက်စွာနှိမ်နင်းပေးနိုင်သည်။
ဂျုံ၊ပြောင်း၊ကြံ၊ဆီအုန်းနှင့်ရာဘာစိုက်ခင်းများတွင်လည်း ပေါင်း သုတ်သင် နှိမ်နင်းရန် အသုံးပြုနိုင်ပါသည်။
မုန်ညင်းအုပ်စုနှင့်ရွက်ပြန့်ပေါင်းအုပ်စု(၂)မျိုးလုံးကိုသုတ်သင်နှိမ်နင်းနိုင်သည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း တိုက်ရိုက်အစေ့ချစပါးခင်းတွင် စပါးအပင်ပေါက်ပြီး(၂၀-၃၅)ရက်သားအတွင်းပက်ဖျန်းပါ။ ပျိုးထောင်စိုက်ခင်းတွင်ပြောင်းရွှေ့စိုက်ပြီး(၁၅-၂၀)ရက်သားအတွင်းပက်ဖျန်းပါ။ ပေါင်းသတ်ဆေးဖျန်းစဉ် စပါးခင်းတွင်ရေစပ်စပ်ထားပါ။
မုန်ညင်းမျိုးရင်းဝင် မုန်ညင်းဥနက်နှင့် မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာနှင့် ရွက်ပြန့်ပေါင်းမျိုးများဖြစ်သော ဝက်ကျွတ်၊ကတောက်ဆတ်၊ လယ်ပဒူ၊ ပုဇွန်စာ၊ ပေါင်းလေးညင်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ မှိုနတို၊ ဗေဒါ၊ရေကန်ဇွန်း စသည့်ပေါင်းအမျိုးမျိုးကိုနှိမ်နင်းနိုင်သည်။
ဆေးနှုန်းထား တစ်ဧကလျှင် (၃၀၀-၄၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင်(၆၀-၈၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (၄)