menu
ပေါင်းသတ်ဆေးများ   > ဂလိုင်ဖောက် ၄၈၀ အက်စ်အယ်လ်

ဂလိုင်ဖောက် ၄၈၀ အက်စ်အယ်လ်

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Glyphosate 480 g/L (41.2% w/w) isopropylamine salt of glyphosate
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2015-1294
အာနိသင်ဖော်ပြချက် နှစ်တို၊နှစ်ရှည်ပေါင်းအမျိုးမျိုးကိုထိရောက်စွာနှိမ်နင်းနိုင်သော (Non-selective) ရွေးချယ်မဲ့အာနိသင်ရှိ ပင်လုံးပြန့်ပေါင်းသတ်ဆေးရည်ဖြစ်သည်။ အပင်အမျိုးအစားအားလုံးကိုသေစေနိုင်သော အာနိသင်ရှိသည်။
ကိုင်း ကျွန်းများတွင်သီးနှံမစိုက်ပျိုးမီ ကိုင်း၊ကျူ၊သမန်းမြက်နှင့် မြက်အမျိုးမျိုး၊ မြက်မုန်ညင်းနှင့်ခြုံပင်အပါအဝင် ရွက်ပြန့်ပေါင်း အားလုံးကိုသုတ်သင်နှိမ်နင်းနိုင်သည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း နှစ်ရှည်ခြံများဖြစ်သော ရာဘာ၊ဆီအုန်း၊ သရက်နှင့် လိမ္မော်ခြံများတွင် ပင်ခြေပေါင်းရှင်းရာတွင် အသုံးပြုနိုင်သည်။ စားသုံးပင်များ၏အရွက်နု ကိုင်းနုများကို ဆေးမထိအောင်ဂရုစိုက်၍ပက်ဖျန်းပါ။ ပေါင်းပင်အရွယ်အစားပေါ်မူတည်၍ ဆေးနှုန်းထားကိုပြောင်းလဲအသုံးပြုပါ။ သီးနှံစိုက်ခင်းများပေါ်တွင် မဖျန်းရပါ။ ဆေးမဖျန်းမီ(၅)ရက်အလို နှင့် ဆေးဖျန်းပြီး(၅)ရက်အတွင်း ထုံးထည့်ခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်းမပြုလုပ်ရပါ။
ဆေးနှုန်းထား တစ်ဧကလျှင် (၅၀၀-၈၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင်(၁၀၀-၁၅၀)စီစီ။

မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (-)