menu
ပေါင်းသတ်ဆေးများ   > အောက်စီ-စတား ၂၃.၅ အီးစီ

အောက်စီ-စတား ၂၃.၅ အီးစီ

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Oxyfluorfen 23.5% W/W
ဆေးမှတ်ပုံတင်အမှတ်- F2020-2402
အာနိသင်ဖော်ပြချက် ကြက်သွန်ခင်းတွင်ပေါက်သော မြက်၊မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအမျိုးမျိုးကို နှိမ်နင်းနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေးရည်ဖြစ်သည်။
ယာစပါးခင်းတွင်ပေါက်သော တစ်နှစ်ခံရွက်ပြန့်ပေါင်းနှင့် မြက်အမျိုးမျိုးကိုလည်း နှိမ်နင်းနိုင်ပါသည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း ပေါင်းမပေါက်မီ ကြိုတင်ပက်ဖျန်းရသော(Pre-emergence)ပေါင်းသတ်ဆေးဖြစ်သည်။ ကြက်သွန်ဖြူ/နီ ပြောင်းရွှေ့မစိုက်မီ(၁)ရက်ကြိုတင်၍ပက်ဖျန်းရမည်။ ယာစပါးမျိုးစေ့ချပြီး(၁-၂)ရက်အတွင်းပက်ဖျန်းပါ။ ကြံမျိုးပိုင်းချပြီးလျှင်ပက်ဖျန်းပါ။
ဆင်ငိုမြက်၊ မြက်ပန်း၊ လက်သဲခွမြက်၊ ကျွဲကြောင်မင်စေး၊ ကရင်မပန်းဖူး၊ ဘောက်ခွေး၊ ကြက်မောက်ရိုင်း၊ မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ နှင့် မုန်ညင်းပေါင်းအမျိုးမျိုးကို နှိမ်နင်းနိုင်ပါသည်။
ဆေးနှုန်းထား ကြံနှင့် ကြက်သွန်ခင်းတွင်
တစ်ဧက (၄၀၀-၅၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင် (၈၀-၁၀၀)စီစီ နှုန်းဖြင့်ပြောင်းရွှေ့မစိုက်မီဘောင်ပေါ်တွင်ဖျန်းပါ။

ယာစပါးအတွက်် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀-၂၅)စီစီနှုန်း။

မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
GHS Class GHS (-)