Category | ပေါင်းသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Bispyribac sodium 10% |
ဆေးမှတ်ပုံတင်အမှတ် | F2017-1529 |
အာနိသင်ဖော်ပြချက် | မြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်သည့်ပင်လုံးပြန့်စပါးရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။ မြက်သီး၊ဝမ်းဘဲစာ၊စပါးယောင်(တက်ပွတ်)၊မြက်မုန်ညင်းအဝါ၊မြက်မုန်ညင်းအစိမ်း၊ မြက်ကွမ်းသီးလေး၊တလိုင်းခေါင်း၊ရေလေးညင်း၊ကတောက်ဆတ်၊လယ်ပဒူ အစရှိသည့် ပေါင်းများကို သုတ်သင်ရှင်းလင်းနိုင်သည်။ ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိသော ငသယောင်/တက်ကွက်ပေါင်းကို နှိမ်နင်းရန်အတွက် အထူးထုတ်လုပ်ထားပါသည်။ အသုံးပြုနည်း - ရွက်ဖျန်း |
အသုံးပြုရန်အညွှန်း | စပါးမျိုးစေ့ချပြီး (သို့မဟုတ်) စပါးစိုက်ပြီး(၁၀-၂၅)ရက်၊ ပေါင်းပင်အရွက်(၂-၃)ရွက်ထွက်ချိန်တွင် ပက်ဖျန်းရသည့်(Post-emergence) ပေါင်းသတ်ဆေးဖြစ်သည်။ ဆေးအာနိသင်ပိုမိုထိရောက်ရန် "ဟီးရိုး"တွယ်ကပ်ပြန့်နှံ့ဆေးနှင့် ရောစပ်သုံးစွဲပေးပါ။ |
ဆေးနှုန်းထား | တစ်ဧကလျှင် (၁၀၀-၁၅၀)ဂရမ်၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀-၃၀)ဂရမ်။ မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။ |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (-) |