Category | ပေါင်းသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Pendimethalin 33% W/W |
ဆေးမှတ်ပုံတင်အမှတ် | F2020-2403 |
အာနိသင်ဖော်ပြချက် | ပင်လုံးပြန့်အာနိသင်ရှိသောကြက်သွန်နှင့်သီးနှံမျိုးစုံတွင်အသုံးပြုရသည့်ရွေးချယ်ပေါင်း သတ်ဆေးဖြစ်သည်။ အဓိကနှိမ်နင်းနိုင်သောပေါင်း - တစ်နှစ်ခံမြက်မျိုးများနှင့်ရွက်ပြန့်ပေါင်းများ၊ မြက်သီး၊မြက်ကြိမ်၊ဆင်ငိုမြက်၊လက်သဲခွမြက်၊သဲပုရစ်၊လိပ်ရင်ဘတ်၊ဟင်းဂလာဝါ၊ကျွဲကြောင်မင်ဆေး၊တောဟင်းနုနွယ်။ အသုံးပြုနည်း - ရွက်ဖျန်း |
အသုံးပြုရန်အညွှန်း | သီးနှံမစိုက်မီထွန်ရေးပြင်ကိုပက်ဖျန်းခြင်း၊ သီးနှံစိုက်ပြီးပေါင်းမပေါက်မီနှင့် ပေါင်းပေါက်ခါစအရွယ်တွင် ပက်ဖျန်းခြင်းဖြင့်အသုံးပြုနိုင်သည်။ စပါး၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ မြေပဲ၊ ပဲပုပ်၊ ဝါ၊ ဂျုံ၊ နေကြာ၊ အာလူး နှင့် ငရုတ်သီးနှံများတွင် အသုံးပြုနိုင်ပါသည်။ သီးနှံမစိုက်မီအသုံးပြုပါက ဆေးဖျန်းပြီး(၇)ရက်အကြာတွင် သီးနှံစိုက်ပျိုးခြင်း၊ ရေသွင်းခြင်းတို့ပြုလုပ်နိုင်ပါသည်။ ပေါင်းပင်များပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာခြင်း မဖြစ်အောင်တားဆီးပေးနိုင်သည်။ |
ဆေးနှုန်းထား | ကြက်သွန်နီ၊ ပဲပုပ် - တစ်ဧကလျှင် (၁၀၀၀-၁၃၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀၀-၂၆၀)စီစီ။ မြေပဲ - တစ်ဧကလျှင် (၁၀၀၀-၂၀၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀၀-၄၀၀)စီစီ။ေ စပါး - တစ်ဧကလျှင် (၁၃၀၀-၂၀၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၆၀-၄၀၀)စီစီ။ ဝါ၊ ငရုတ် - တစ်ဧကလျှင် (၁၀၀၀-၁၇၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀၀-၃၄၀)စီစီ။ မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။ |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၅) |