menu
ပေါင်းသတ်ဆေးများ   > ရှင်းရှင်း ၁၀ အက်စ်အယ်

ရှင်းရှင်း ၁၀ အက်စ်အယ်

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Imazethapyr 10% W/V
ဆေးမှတ်ပုံတင်အမှတ် F2018-1831
အာနိသင်ဖော်ပြချက် ပဲမျိုးစုံနှင့်မြေပဲရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ ပင်လုံးပြန့်အာနိသင်ရှိသည်။ မြက်၊ မုန်ညင်း နှင့်ရွက်ပြန့်ပေါင်းအားလုံးကိုနှိမ်နင်းနိုင်သည်။ အဓိကနှိမ်နင်းနိုင်သောပေါင်း - မတ်ပဲ၊ပဲတီစိမ်း၊ပဲပုပ်နှင့်မြေပဲခင်းတွင်ပေါက်သော(၁)နှစ်ခံ၊နှစ်ရှည်ခံမြက်အမျိုးမျိုး၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအမျိုးမျိုး။ (ကုလားပဲတွင် မသုံးရပါ)

အသုံးပြုနည်း- ရွက်ဖျန်း
အသုံးပြုရန်အညွှန်း ပဲစိုက်ပြီး(၁-၃)ရက် ပဲပင်ပေါက်စအချိန်(သို့မဟုတ်) (၇-၁၀)ရက်အတွင်းဖျန်းပါ။ (မြေအစိုဓာတ်ကောင်းလျှင်အာနိသင်ပို၍ထိရောက်သည်) ရှင်းရှင်းဖျန်းပြီးနောက်သီးနှံစိုက်ရန် စောင့်ဆိုင်းရမည့်ကာလ - ကုလားပဲ(၁၀)လ၊ ဂျုံ(၆)လ၊ နှမ်း(၁၂)လ၊ ဖူးစားပြောင်း၊ ပေါက်ပေါက်ပြောင်း(၂၄)လ၊ အစေ့ထုတ်ပြောင်း(၂၀)လ ဖြစ်ပါသည်။
ဆေးနှုန်းထား တစ်ဧကလျှင် (၄၀၀-၆၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင် (၈၀-၁၂၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (-)