menu
ပေါင်းသတ်ဆေးများ   > ယာရှင်း ၉၆၀ အီးစီ

ယာရှင်း ၉၆၀ အီးစီ

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း S-metolachlor 96%
ဆေးမှတ်ပုံတင်အမှတ် P2018-2940
အာနိသင်ဖော်ပြချက် ယာသီးနှံစိုက်ခင်းများတွင် ပေါင်းအမျိုးမျိုး ပေါက်မလာစေရန် ကာကွယ်တားဆီးပေးသည့် ပေါင်းသတ်ဆေးရည်ဖြစ်သည်။ နှမ်းအပါအဝင် ယာသီးနှံစိုက်ခင်းများတွင် ပေါင်းမပေါက်မီကြိုတင်၍ပက်ဖျန်းခြင်းဖြင့် ပေါင်းပင်များပေါက်မလာစေရန်တားဆီးပေးသည်။ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း၊ဝါ၊ ဂျုံ နှင့် ခရမ်းချဉ်၊အာလူး၊ဂေါ်ဖီ၊ ပန်းမုန်လာ စသည့်သီးနှံများတွင်အသုံးပြုနိုင်ပါသည်။ မြက်သီး၊ မြက်အမျိုးမျိုး၊ ပေါင်းလေးညှင်း၊ ကျွဲကြောင်မင်စေး၊ ကရင်မပန်းဖူး၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ ကပ်စေးနှဲ၊ ကန်စွန်းနွယ် မြက်မုန်ညင်းအမျိုးမျိုးတို့ကို နှိမ်နင်းနိုင်ပါသည်။
အသုံပြုနည်း-မြေပေါ်ဖျန်းပေါင်းအုပ်ဆေး
အသုံးပြုရန်အညွှန်း သီးနှံစိုက်ပြီး(၂၄)နာရီအတွင်း ယာရှင်းပေါင်းသတ်ဆေးကို ပက်ဖျန်းပါ။ မြေဆီလွှာအတွင်းအစိုဓာတ်လုံလောက်စွာရှိရမည်။ သို့သော်ရေမဝပ်စေရပါ။
ဆေးနှုန်းထား တစ်ဧကလျှင် (၄၀၀-၅၀၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင် (၈၀-၁၀၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (5)