Category | ပေါင်းသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Paraquat dichloride 27.6% W/V |
ဆေးမှတ်ပုံတင်အမှတ် | F2018-1691 |
အာနိသင်ဖော်ပြချက် | အပင်အားလုံးကိုသေစေနိုင်သော ရွေးချယ်မဲ့အာနိသင်ရှိ(Non-selective) ထိသေပေါင်းသတ်ဆေးရည်ဖြစ်သည်။ ထိသေအာနိသင်ရှိသဖြင့် အာနိသင်ပြမှုလျှင်မြန်သည်။ အသုံးပြုနည်း- ရွက်ဖျန်း |
အသုံးပြုရန်အညွှန်း | ကိုင်းကျွန်းများတွင်သီးနှံမစိုက်မီပေါင်းနှိမ်နင်းရှင်းလင်းခြင်း၊ နှစ်ရှည်နှင့်သစ်သီးဝလံခြံများ၊ စက်ရုံအလုပ်ရုံဝင်းများတွင်ပေါက်သောပေါင်းအမျိုးမျိုးကိုသုတ်သင်ရှင်းလင်းနိုင်သည်။ကိုင်း၊ကျူ၊ သမန်းမြက်အမျိုးမျိုး၊မြက်မုန်ညင်းနှင့် ခြုံပင်အပါအဝင်ရွက်ပြန့်ပေါင်းအားလုံးကိုသုတ်သင်ရှင်းလင်းနိုင်သည်။ သီးနှံစိုက်ခင်းများပေါ်တွင် မဖျန်းရပါ။ |
ဆေးနှုန်းထား | ရာဘာ၊ဆီအုန်း - တစ်ဧကလျှင် (၆၀၀-၁၄၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၂၀-၂၈၀)စီစီ။ ကြံ၊ ပြောင်း၊ စပျစ် - တစ်ဧကလျှင် (၄၀၀-၈၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၈၀-၁၆၀)စီစီ။ ငရုတ်၊ခရမ်းချဉ်၊ ဟင်းသီးဟင်းရွက် - တစ်ဧကလျှင် (၈၀၀-၁၆၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၆၀-၃၂၀)စီစီ။ ဝါ - တစ်ဧကလျှင် (၂၀၀-၂၄၀၀)စီစီ၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၄၈၀)စီစီ။ မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။ |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (4) |