menu
ပေါင်းသတ်ဆေးများ   > အေမီကွင်း ၈၀ ဒဗလျူပီ

အေမီကွင်း ၈၀ ဒဗလျူပီ

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Ametryn 80% W/W
ဆေးမှတ်ပုံတင်အမှတ် F2022-2410
အာနိသင်ဖော်ပြချက် Trazineအုပ်စုဝင်ပေါင်းသတ်ဆေးဖြစ်ပြီး မြက် နှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည့် ပင်လုံးပြန့်အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ နာနတ်စိုက်ခင်းတွင် ပေါက်သော တစ်နှစ်ခံစေ့ရွက်ထီးနှင့် စေ့ရွက်စုံပေါင်းပင်များနှင့် ကြံစိုက်ခင်းတွင်ပေါက်သော တစ်နှစ်ခံမြက်မျိုးရင်းဝင်ပေါင်းများနှင့်ရွက်ပြန့်ပေါင်းများ ကိုနှိမ်နင်းနိုင်သည်။ နံနတ်၊ကြံ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။ ဗောက်ခွေး၊ မုန်ညင်းရိုင်း၊ ကပ်စေးနဲ၊ ကန်ဇွန်းနွယ်၊ ဘုတ်ထောင်အစရှိသည့်ရွက်ပြန့်ပေါင်းအမျိုးမျိုး မြင်းစာမြက်၊ လက်သည်းခွမြက်၊ မြက်ကြိမ်၊ လေးခွမြက် အစရှိသည့် မြက်အုပ်စုဝင်ပေါင်းအမျိုးမျိုးကိုသုတ်သင်ရှင်းလင်းနိုင်ပါသည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း နံနတ် နှင့် ကြံ စိုက်ခင်းများတွင် သီးနှံစိုက်ပျိုးပြီး (၁၅-၂၀)ရက်သား ပေါင်းပင်အရွက်(၂-၄)ရွက်ထွက်ချိန်တွင် အသုံးပြုနိုင်ပါသည်။
ဆေးနှုန်းထား နာနတ်စိုက်ခင်းအတွက် တစ်ဧကလျှင် (၇၅၀-၉၀၀)ဂရမ်၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၅၀-၁၈၀)ဂရမ်။
ကြံစိုက်ခင်းအတွက် တစ်ဧကလျှင် (၈၅၀-၁၁၅၀)ဂရမ်၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၇၀-၂၃၀) ဂရမ်။
မှတ်ချက် - တစ်ဧကလျှင် ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံး အနည်းဆုံး(၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (4)