menu
ပေါင်းသတ်ဆေးများ   > ပီဇာ ၁၀ အီးစီ

ပီဇာ ၁၀ အီးစီ

Category ပေါင်းသတ်ဆေးများ
အစွမ်းရှိပစ္စည်း Quinzalofop-P-ethyl 100 gm/l
ဆေးမှတ်ပုံတင်အမှတ် F2020-2947
အာနိသင်ဖော်ပြချက် ပဲအမျိုးမျိုးနှင့်ရွက်ပြန့်သီးနှံများတွင်ပေါက်သောမြက်အမျိုးမျိုးကိုနှိမ်နင်းနိုင်သည်။ ပင်လုံးပြန့်အာနိသင်ရှိပါသည်။

အသုံးပြုနည်း- ရွက်ဖျန်း
အသုံးပြုရန်အညွှန်း သီးနှံစိုက်ခင်းအတွင်းပေါင်းပင်ပေါက်ပြီးမှအသုံးပြုရသော (Post - emergence)ပေါင်းသတ်ဆေးဖြစ်သည်။ သီးနှံစိုက်ပြီး(၇-၂၀)ရက်အတွင်း အသုံးပြုနိုင်သည်။ ပဲတီစိမ်း၊ ပဲပုပ်၊ မတ်ပဲ၊မြေပဲ၊ဝါ နှင့် ဖရဲစိုက်ခင်းများတွင်အသုံးပြုနိုင်သည်။ စပါး၊ဂျုံ၊ ပြောင်းစသည့်မြက်မျိုးရင်းဝင် သီးနှံများတွင်အသုံးမပြုရပါ။ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲပုပ်စိုက်ခင်းများတွင် ပေါင်းအားလုံးကိုနှိမ်နင်းရန် "ပီကာ"နှင့်ရောစပ်အသုံးပြုနိုင်သည်။ သတ်မှတ်နှုန်းထားအတိုင်းဖျန်းပေးပါ။ ညွှန်းဆိုထားသောပေါင်းပင်အရွယ်တွင်သာဖျန်းပါ။ မိုးခေါင်ပြီးအပင်ညှိုးနွမ်းနေချိန်မဖျန်းရပါ။
ဆေးနှုန်းထား တစ်ဧကလျှင် (၂၀၀-၂၅၀)စီစီ၊
ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၅၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး (၅)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)